
ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။ ပေ၊ပရပိုက်၊ သားရေပြား တွေပေါ်မှာ ရေးသားမှတ်တမ်တင်ထားပေမဲ့ အုပ်စိုးသူမင်းများ၊ သာသနာပိုင်ဘုန်းတော်ကြီးများကပဲ သိမ်းဆည်းထားပါတယ်။ သာမန်လူများ နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့မပြောနဲ့ ကြားဖို့တောင် တော်တော်ခဲယဉ်းလှပါတယ်။ BC 1445 - BC400 ကာလအတွင်းမှာ ဓမ္မဟောင်းကျမ်းစာ ၃၉ကျမ်း ကို ဟီဘရူးဘာသာ (ဂျူးဘာသာစကား) နဲ့ စတင်ရေးသားပါတယ်။ ဓမ္မဟောင်းကာလမှာ ဂျူးလူမျိုးများရဲ့ ဘာသာဖြစ်လို့ ဘာသာပြန်ခြင်းမရှိခဲ့ပါဘူး၊ သခင်ယေရှုကာတိုင်မှာအသေခံပြီး AD30 နောက်ပိုင်း နှစ်၁၀၀အတွင်းမှာ ဓမ္မသစ် ၂၆ကျမ်းကို ဂရိဘာသာနဲ့ရေးခဲ့ပါတယ်။ ရိုမင်ကတ်သလစ်တွေမှာ - အပိုခရာဖာ APOCRYPHA (ဂျူးရာဇ၀င်) ၁၁ကျမ်း ပိုပါတယ်။သခင်ယေရှုဟာ ဘုရားရဲ့သားတော်အဖြစ် လောကကိုကြွဆင်းလာပြီး ဂျူးလူမျိုး သာမက လူတိုင်း ကိုးကွယ်ရတဲ့ ဘုရားအဖြစ် ဟောပြောခဲ့ပါတယ်။ ကျေးဇူးတော် Grace Period ကို ကျမ်းစာလာတဲ့အတိုင်း သားကောင်များယာဇ်ပူဇော်ခြင်းကို ရပ်တံ့စေပြီး ဓမ္မဟောင်းကျမ်းကို ပြည့်စုံစေပါတယ်။ (1)

