မြောင်းမြကျမ်းစာကျောင်း(S.D.A)

Homeသတင်း ဂျာနယ် သီချင်း ဗွီဒီယို အားကစား မြန်မာစာအုပ်စင် ဖုန်းဆော့ဝဲများ ဆေးမြီးတို

Friday 23 March 2012

မျက်ရည်တွေကို အပြုံးအဖြစ် ဖန်ဆင်းပေးခြင်း (သို့မဟုတ်) သူစိမ်းသို့ပေးသောပန်းတစ်စည်း

မျက်ရည်တွေကို အပြုံးအဖြစ် ဖန်ဆင်းပေးခြင်း (သို့မဟုတ်) သူစိမ်းသို့ပေးသောပန်းတစ်စည်း



ဒီနေ့ ကျွန်တော် အထူးကြပ်မတ်ခန်းထဲ ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သတင်းမေးဖို့ ဆေးရုံကို ထွက်ခွာ လာခဲ့တယ် ။ ပန်းဆိုင်ရှေ့ရောက်တော့ သူ့အတွက် ပန်းဝယ်ပေးဖို့ ကျွန်တော် ပန်းဆိုင်ထဲ ၀င်ခဲ့တယ် ။

ဆေးရုံရောက်တဲ့အခါ သူနာပြုဆရာမက အထူးကြပ်မတ်အရေးပေါ်ခန်းထဲကို ပန်းသယ်မရဘူးလို့ပြောတယ်။ ကျွန်တော် ကောင်တာ စားပွဲပေါ်မှာပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ပန်းစည်းကို တင်ခဲ့ရတယ် ။


Tuesday 20 March 2012

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။


  အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 

ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။

Saturday 17 March 2012

ဟာသမှတ်စု



*နော်မယ် (Normal)*

ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး
လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့်
မကြာမီပျောက်ကင်းသွားမည်ဖြစ်ြေ

    ကာင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။

    လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။

Wednesday 22 February 2012

သမ္မာကျမ်းစာသမိုင်း

သမ္မာကျမ်းစာသမိုင်း အကျဉ်းချုပ်

ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။ ပေ၊ပရပိုက်၊ သားရေပြား တွေပေါ်မှာ ရေးသားမှတ်တမ်တင်ထားပေမဲ့ အုပ်စိုးသူမင်းများ၊ သာသနာပိုင်ဘုန်းတော်ကြီးများကပဲ သိမ်းဆည်းထားပါတယ်။ သာမန်လူများ နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့မပြောနဲ့ ကြားဖို့တောင် တော်တော်ခဲယဉ်းလှပါတယ်။  BC 1445 - BC400 ကာလအတွင်းမှာ ဓမ္မဟောင်းကျမ်းစာ ၃၉ကျမ်း ကို ဟီဘရူးဘာသာ (ဂျူးဘာသာစကား) နဲ့ စတင်ရေးသားပါတယ်။ ဓမ္မဟောင်းကာလမှာ ဂျူးလူမျိုးများရဲ့ ဘာသာဖြစ်လို့ ဘာသာပြန်ခြင်းမရှိခဲ့ပါဘူး၊ သခင်ယေရှုကာတိုင်မှာအသေခံပြီး  AD30 နောက်ပိုင်း နှစ်၁၀၀အတွင်းမှာ ဓမ္မသစ် ၂၆ကျမ်းကို ဂရိဘာသာနဲ့ရေးခဲ့ပါတယ်။ ရိုမင်ကတ်သလစ်တွေမှာ -  အပိုခရာဖာ APOCRYPHA (ဂျူးရာဇ၀င်) ၁၁ကျမ်း ပိုပါတယ်။သခင်ယေရှုဟာ ဘုရားရဲ့သားတော်အဖြစ် လောကကိုကြွဆင်းလာပြီး ဂျူးလူမျိုး သာမက လူတိုင်း ကိုးကွယ်ရတဲ့ ဘုရားအဖြစ် ဟောပြောခဲ့ပါတယ်။ ကျေးဇူးတော် Grace Period ကို ကျမ်းစာလာတဲ့အတိုင်း သားကောင်များယာဇ်ပူဇော်ခြင်းကို ရပ်တံ့စေပြီး ဓမ္မဟောင်းကျမ်းကို ပြည့်စုံစေပါတယ်။ (1)

Wednesday 1 February 2012

နှုတ်ကပတ်တော်ကို ကြေညတ်အောင်ဝါးစား၊စမြုံပြန်ခြင်းအား ဘုရားအလိုတော်ရှိသည်။




ယောရှု ၁း၈ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကိုမဘတ်မရွတ်ဘဲမနေ၊ နေ့ညဥ့်မပြတ်ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။
ကျွန်ုပ် ကျမ်းစာနက်နဲစွာလေ့လာခြင်း၊ ကောင်းပေ့ဆိုသည့်ဒေသနာတရားနားထောင်ခြင်းများ လုပ်ဆောင်စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်မှ သမ္မာတရားကို အံ့သြမိသည်။ သို့နှင့် လွန်ခဲ့သော၃၅နှစ်က ပထမဆုံးစာအုပ် ရစ်ဝါရင်၏ကျမ်းစာလေ့လာခြင်း ကို ကျွန်ုပ်ရေးသားခဲ့သည်။ နည်းလမ်း ၁၂ခုရှိပါသည်။ ဥပမာ .. အခန်းအလိုက်လေ့လာခြင်း၊ ခေါင်းစဉ်အလိုက်လေ့လာခြင်း၊ ကျမ်းပိုဒ်အလိုက်လေ့လာခြင်း..စသည်တို့ဖြစ်သည်။

ကွန်ုပ်နှစ်ခြိုက်သော ကျမ်းစာလေ့လာနည်းတခုမှာ ဘုရားဝတ်ပြုလျှက်(ကျေညတ်အောင်စမြုံပြန်) ကျမ်းစာလေ့လာခြင်း Devotional Bible Study ဖြစ်သည်။ ထိုနည်းသည် အရှေ့တိုင်းလူမျိုးများတရားကျင့်ထိုင်ခြင်း Meditation နှင့်ခပ်ဆင်ဆင်ဖြစ်မည်။ "တရားထိုင်ခြင်း" ဆိုသည့်စကားလုံးသည် ခရစ်ယန်များအဖို့ မကောင်းသောစကားလုံးဖြစ်မည်။ တရားထိုင်ခြင်း ဆိုလျှင် ငြိမ်သက်စွာ ခြေတင်ပြင်ခွေထိုင်ပြီး မျက်စိမှိတ်၊နှုတ်မှဖြစ်စေ၊စိတ်မှဖြစ်စေရွတ်ဖတ်ဆင်ခြင်နေသူကို မြင်ယောင်မိပေလိမ့်မည်။

Monday 23 January 2012

အသစ်သော မွေးဘွားခြင်း - A New Birth


အသစ်သော မွေးဘွားခြင်း - A New Birth
New life in Christ Course III
Lesson 7
ဖတ်ရန်ကျမ်းချက်များ။ ယော၊ ၃း၁-၂၁။ယော၊ ၁း၁ဝ-၁၃။ယော၊ ၈း၃၂-၄၄။
သော့ချက် ကျမ်းပိုဒ်။ '' ယေရှုက၊ ဒုတိယမွေးခြင်းကို မခံ သောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်
အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏'' (ယော၊ ၃း၃)
                ယခင် သင်ခန်းစာ၌ ဤကမ္ဘာကြီးတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း လေ့လာခဲ့ရပြီး ဖြစ်သည်။ ပဌမ လူ အာဒံ သည် အိမ်ထောင်စု တခု၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်၏ဒုတိယလူ ဖြစ်သော ခရစ်တော်သည် အခြား အိမ်ထောင်တခု၏ ဦးခေါင်းဖြစ်သည်။
                အချို့သော လူများယူဆကြသည်မှာ ဘုရားသခင်သည် လူသားအားလုံး၏ ဘခင်ဖြစ်သည်။ သို့သော် ဤအယူအဆ သည် မှန်ကန်ခြင်းမရှိပါ။ ခရစ်တော်၏အိမ်ထောင်စု၌ ရှိသောသူများသာလျှင် ဘုရားသခင်သည် သူတို့၏ ဘခင် ဖြစ်သည်။ အာဒံ၏အိမ်ထောင်စုဝင်များ၏ဝိညာဉ်ရေးရာ ဘခင်သည် စာတန်ဖြစ်သည်။ လူသားအားလုံး၏ဘခင်သည် ဘုရားသခင် မဟုတ် ကြောင်း သခင်ယေရှု မြွက်ဆိုခဲ့၏။
                  တနေ့သောအခါ သခင်ယေရှုသည် ယေရုရှလင်မြို့၌ အချို့သော ဘာသာရေးသမားနှင့် စကားပြောဆိုခဲ့၏။ ဤသူများက ဘုရားသခင်သည် သူတို့၏ဘခင်ဖြစ်ကြောင်း ပြောဆိုကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ဆိုးညစ်ပြီ၊ ယေရှု ကိုမုန်း၍ သတ်ရန် အလိုရှိကြ၏။ ယေရှုသည် သူတို့၏စိတ်တွင် ဘာရှိသည်ကို သိတော်မူပြီ၊ သူတို့ကို မြွက်ဆိုသည်မှာ '' ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည်ငါ့ ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျှောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ် တော်မူ၏။''ဟုဆို၏။(ယော၊ ၈း၄၂)


Thursday 19 January 2012

ယောသပ်

ယာကုပ်မှာ သား ၁၂ ယောက်ရှိတယ်ကွဲ့။ သူ့သားတွေထဲမှာ ယောသပ်ကို အချစ်ဆုံးမို့ အရောင်အဆင်း လှပတဲ့ ၀တ်ရုံတွေ ချုပ်ပေးတတ်တယ်။ နောက်ပြီး ယောသပ်ဟာ အိပ်မက် အနက်ဖော်ပြတတ်တယ်။ တစ်နေ့တော့ သူက သူ့အစ်ကိုတွေကို ဘာပြောလဲဆိုတော့ အစ်ကိုတို့ရဲ့ ကောင်လှိုင်းစည်းတွေက ကျွန်တော့် ကောက်လှိုင်းစည်းကို ဦးညွှတ်ကြတယ်တဲ့။ အစ်ကိုကြီးတွေက စိတ်ဆိုးပြီး “မင်းဆိုလိုတာက ငါတို့က မင်းကို ဦးညွှတ်ရမယ်ပေါ့ ဟုတ်လား”လို့ မေးကြတယ်တဲ့။ ပြီးတော့ သူတို့အားလုံးတိုင်ပင်ပြီး ယောသပ်လေးကို ရေတွင်းပျက်ကြီးထဲ ပစ်ထားခဲ့ကြတယ်။ တစ်ခါ ကုန်သည်တွေလက်ထဲ ရောင်းလိုက်ကြတယ်ကွဲ့။
brothers_jacobသူတို့ အဖေယာကုပ်ကိုတော့ ယောသပ်ကို သားရဲတိရိစ္ဆာန်ကိုက်လို့ သေပြီဆိုပြီး ညာကြတယ်တဲ့။ ကုန်သည်တွေလဲ ယောသပ်ကို အီဂျစ်ပြည်က ဖာရောဘုရင်ရဲ့ အမတ်ဖြစ်တဲ့ ကိုယ်ရံတော်မှူးဆီမှာ ရောင်းလိုက်ကြတယ်တဲ့။ တစ်ရက်တော့ ယောသပ်မှာ ဘာအပြစ်မှ မရှိဘဲနဲ့ ထောင်ချလိုက်ကြတယ်။ အဲဒီထောင်ထဲမှာ ထောင်သားတွေရဲ့ အိပ်မက်အနက်အဓိပ္ပါယ်ကို ပြောပြတတ်တာကြောင့် လူချစ်လူခင် များလာတယ်တဲ့။
တစ်ရက်မှာ အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့ ဖာရောဘုရင်က အိပ်မက်မက်တယ်တဲ့။ ဆူဖြိုးတဲ့ နွား ခုနှစ်ကောင်ကို ပိန်လှီတဲ့ နွားခုနှစ်ကောင်က စားပစ်တယ်တဲ့။ တစ်ခါ ပြည့်ဖြိုးတဲ့ ကောက်လှိုင်းစည်း ခုနှစ်စည်းကို ပိန်လှီတဲ့ ကောက်လှိုင်း ခုနှစ်စည်းက ၀ါးမြိုလိုက်တယ်တဲ့။
ဘုရင်ကြီးက အိပ်မရတော့တာကြောင့် အိပ်မက်အကြောင်းစဉ်းစားနေတယ်တဲ့။ ဘာအဓိပ္ပါယ်လဲပေါ့။ တစ်ဆင့်စကား တစ်ဆင့်နား ကြားပြီး အိပ်မက်အဓိပ္ပါယ်ဖတ်တတ်တဲ့ ထောင်ထဲက ယောသပ်အကြောင်းကြားတော့ နန်းတော်ကို ဆင့်ခေါ်လိုက်တာပေါ့။Dream-Cows-and-Grain
ယောသပ်လေးက နားထောင်ပြီးနောက် ခုနှစ်နှစ် မိုးခေါင်ရေရှားပြီး အစာခေါင်းပါးမယ့် အကြောင်း ပြောပြလိုက်တယ်။ ဘုရင်ကြီးလဲ ကျေနပ်သွားပြီး ယောသပ်ကို အီဂျစ်ပြည်ကို အုပ်ချုပ်ဖို့ ခန့်ထားလိုက်တယ်ကွဲ့။ ယောသပ်က ဆန်ရေစပါးကို ဖူလုံအောင် သိုလှောင်ထားလိုက်တယ်။ တိုတိုပြောရရင် သူ့ရဲ့အဖေနဲ့ အစ်ကိုတွေကို အီဂျစ်ပြည်မှာ ခေါ်ထားလိုက်တယ်တဲ့ကွယ်။
Joseph_Father_and_Brothersကလေးတို့ရေ။ ။ ဒါကြောင့် ဘုရားသခင်က ကလေးတို့ရဲ့ အသက်တာကိုလဲ ပြင်ဆင်ထားပြီးသားကွဲ့။ အခက်အခဲတွေ ၀မ်းနည်းစရာတွေ ကြုံလာတဲ့အခါ ယောသပ်လေးလို နှိမ့်ချတဲ့စိတ်နဲ့ ဘုရားစကားကို နားထောင်ရင် နောက်ဆုံးမှာ ယောသပ်လိုပဲ အများအတွက် ကောင်းကျိုးဖြစ်စေမယ့် ပညာဥာဏ်နဲ့ ဦးဆောင်ဦးရွက်ပြုနိုင်သောသူတွေ ဖြစ်လာကြပါစေလို့







Ref :  Judson Baptist Church Singapore

Tuesday 17 January 2012

မင်္ဂလာရှိသော မျှော်လင့်ချက် The Blessed Hope


အန်ဒရူး

သော့ချက်ကျမ်းပိုဒ် ။ ၁သက် ၄း၁၆-၁၇
ဖတ်ရန်ကျမ်းပိုဒ် ။ တိ ၂း၁၁-၁၄၊ ၁သက် ၄း၁၃-၁၈


ချစ်မိတ်ဆွေ၊
ယေရှုခရစ်တော်တဖန်ပြန်လာပါဦးမည်။ ဒီအကြောင်းကို ကျွန်ုပ်တို့ မည်သို့ သိနိုင်မည်နည်း။ သူပြောခဲ့သည့်အတွက် ကျွန်ုပ်တို့သိပါသည်။ ကားတိုင်ပေါ်မတက်မှီ သူ၏တမန်တော်များ၏နားသို့ ယေရှုသည် ဤချစ်ခြင်းလျှို့ဝှက်ချက်ကို တီးတိုး ပြောခဲ့ ပါသည်။
““တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်၊ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြ လော့။ ငါ့အဘ၏အိမ်တော်၌နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင်၊ မဟုတ်ကြောင်းကိုသင်တို့အား ငါမပြောဘဲ မနေ၊ သင်တို့ နေစရာအရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍၊ ငါရှိရာ အရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့သိမ်းဆည်းမည်”” ယော ၁၄း၁-၃
ဘုရားသခင်၏ဂတိတော်သည် ပြည့်စုံပါလိမ့်မည်။ သခင်ယေရှုခရစ်တော်သည် မကြာမှီလာပါလိမ့်မည်။ ကျမ်းစာက ““ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းငှါ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မြော်လင့် လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲပေါ်ထွန်းတော်မူလတံ့”” ဟုဆိုပါသည်။ ဟေဗြဲ ၉း၂၈
ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း အကြောင်းကိုကျမ်းစာဆိုရာ၌၊ သေခြင်းအကြောင်း သို့မဟုတ် သန့်ရှင်းသော ၀ိညာဉ်တော်ကြွလာမည့်အကြောင်းကို ပြောခြင်းမဟုတ်ပါ။ ဘုန်းတန်ခိုးနှင့်ပြည့်စုံသော သခင်ယေရှုခရစ်တော်ကိုယ်တိုင် မျက်ဝါး ထင်ထင် ကြွလာသည်ကိုပြောနေခြင်းဖြစ်ပါသည်။ ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွနေသည်ကို ကြည့်နေသော တပည့်တော်များထံသို့ ၀တ်ရုံအဖြူရောင်ဝတ်ထားသော လူနှစ်ဦးပေါ်လာပြီး ပြောသည်မှာ““အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို၏။ တမန်တော် ၁း၁၁

Monday 16 January 2012

မလေးရှားမှ ပေးစာ

မလေးရှားရောက် မလေးငယ်ဆိုသော မြန်မာမိန်းမပျိုလေး၏ အိတ်ဖွင့်ပေးစာ..

(Feel free to Share)

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမ သူငယ်ချင်းတစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြားနိုင်ငံသားတွေနဲ့ တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။

ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခု ကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

Related Posts Plugin for WordPress, Blogger...