မြောင်းမြကျမ်းစာကျောင်း(S.D.A)
Homeသတင်း ဂျာနယ် သီချင်း ဗွီဒီယို အားကစား မြန်မာစာအုပ်စင် ဖုန်းဆော့ဝဲများ ဆေးမြီးတို
Saturday 17 March 2012
ဟာသမှတ်စု
*နော်မယ် (Normal)*
ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး
လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့်
မကြာမီပျောက်ကင်းသွားမည်ဖြစ်ြေ
    ကာင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။
    လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။
    ရမ်းကု။ ။ဘာမှမပူနဲ့။ Temperature ကနော်မယ်ပဲ။ မကြာခင်ကောင်းသွားလိမ့်မယ်။
    ဘယ်အချိန်မေးမေး ထိုသို့သာပြောနေပြီး ရက်အနည်းငယ်အကြာတွင် လူနာသေဆုံး
    သွားလေဧ။် ။ ရမ်းကုလည်း အလောင်းပြင်ဆင်ရာသို့ မကောင်းတတ်၍ ရောက်လာရာ လူနာရှင်
    အမျိုးသမီးမှ ကိုကြည့်ပြီး အောက်ပါအတိုင်းပြောလေတော့သည်။
    "ဆရာပြောတော့ တန်ပရေချာက နော်မယ်ဆို အခုရေချိုးပေးတော့ "ရှဲ" ကနဲ မြည်ပြီး
    အငွေ့တွေတောင် ထွက်နေသေးရဲ့။"
    *အကြောင်းရင်း*
    ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည်
    လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ
    တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
    *"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။" *
    *အိမ်ထောင်ရေး*
    တစ်နေ့ ကျွန်တော့် ဆီကို
    သူငယ်ချင်းတစ်ယောက်ရောက်လာပါတယ်။"ငါ့အိမ်ထောင်ရေးကံမကောင်းဘူးကွာ။
    ရှေးလူကြီးတွေပြောတဲ့စကားက သိပ်မှန်တာပဲ။ အိမ်ထောင်ရေးဆိုတာ ထီထိုးသလိုပဲတဲ့။
    ဒါနဲ့မင်းရော
    အိမ်ထောင်ကျပြီလား။""ဟင့်အင်း…….."ကျွန်တော်ခေါင်းအခါမှာ…….."အေးကွာ
    အိမ်ထောင်ပြုမယ်ဆိုရင် ထီထိုးသလိုပဲ ဆိုတဲ့ စကားကို
    သတိရပေါ့ကွာ………."သူ့စကားကို အဆုံးသတ်ပြီး
    လှည့်ထွက်သွားပါတယ်။နှုတ်တောင်ဆက်မသွားဘူး။"အိမ်ထောင်ရေးဆိုတာ ထီထိုးတယ်လို့
    ယူဆရင်လည်း မပေါက်မချင်း ဆက်ထိုးခွင့်ရှိတာပဲ။"လို့ပြောလိုက်တဲ့
    ကျွန်တော့်စကားကို သူမကြား လိုက်တော့ပါဘူး
    *
    တရားဟောကောင်းလို့*
    အရက်မသောက်ရန် လှည့်လည် ဟောသော သုစရိက ဆရာက တရားပွဲတွင်"မိတ်ဆွေတို့
    စဉ်းစားပါ. . ဒီရွာက ရှိသမျှ ပစ္စည်းတွေ ဘယ်သွားစုနေလဲ. . . စိမ်ရေ ဆိုင်ရှင်၊
    အရက်ဆိုင်ရှင်ဆီမှာ စုတယ်မဟုတ်လား . . .""အရက်ဆိုင်ရှင်က အ၀တ်အစား အကောင်းဆုံး
    ပိုက်ဆံတွေလဲ ခင်ဗျားတို့ ပိုက်ဆံတွေချည်းပဲ မဟုတ်လား . .
    ."နောက်တစ်နှစ်ကြာသော အခါ တရားဟော ဆရာအိမ်သို့ လင်မယား ၂ ယောက် လာကြလေ၏..
    .ဆရာ. . . . . "ဘာကိစ္စလဲ။"ဧည့်သည်. . . . "ကျွန်မတို့ရွာမှာ ဆရာ လာတရားဟောတဲ့
    အတွက် ၀မ်းသာလို့. . ကျေးဇူးဆပ်ရအောင်ပါ. . ."ဆရာ. . . . . "အခု
    အရက်မသောက်ကြတော့ဘူးလား။"ဧည့်သည်. . . . "ဆရာဟောတာနဲက ကျွန်မတို့ဒီနှစ်
    အရက်လိုင်စင်ဆွဲလိုက်တယ်. . .ဆရာဟောတဲ့အတိုင်း သိပ်မြတ်တာပဲ ဆရာရေ. . ."
    *
    ထင်ရက်တယ်*
    တရားပွဲတစ်ပွဲမှာ တရားဟောတဲ့ ဘုန်းကြီးကို တရားပွဲပြီးတော့ အမျိုးသမီးတစ်ဦးက
    သူ့ယောက်ျားအတွက် အားနာစိတ်ဖြစ်ပြီး ဘုန်းကြီးကို ခုလို
    တောင်းပန်စကားဆိုပါတယ်.. .."အရှင်ဘုရား ဘုန်းဘုန်း တရားဟောနေတုန်းမှာ
    တပည့်တော်မ ယောကျာ်း အပြင် ထထွက်လျှောက်သွားတာ ဘယ်လိုမှ သဘောမထားပါနဲ့ ဘုရား .
    . . ဒီအတွက် တပည့်တော် တောင်းပန်ပါတယ်. . "ဘုန်းကြီးက " ရပါတယ် ဒကာမကြီး
    ကျုပ်လည်းနားလည်ပါတယ်. . . ခင်ဗျားယောက်ျားက ကျုပ်ရှေ့တည့်တည့်မှာ ဆိုတော့
    အနေကျုံ့ရှာလွန်းလို့ ဖြစ်မှာပေါ့. . . ""မဟုတ်ဘူး ဘုန်းဘုန်းရဲ့
    ဒါကြောင့်မဟုတ်ပါဘူး . . . . သူငယ်ငယ်တည်းက အိပ်ပျော်ရင်း လမ်းထလျှောက်တတ်တဲ့
    ရောဂါရှိလို့ပါ . . . . တဲ့
    *
    ဈေးကွက်ကို ၀င်ရော*
    အနောက်ဘက် တောင်တန်းဒေသတစ်နေရာမှာ ယာသမားတစ်ယောက်ရဲ့ မြင်းကြီးက
    မြင်းပိုင်ရှင် ယာသမားရဲ့ ယောက္ခမကြီးကို ကန်မိလို့ သေဆုံးသွားခဲ့ပါတယ်..
    .ဈာပနချတဲ့နေ့မှာ အလွန်ကြီးမား များပြားလှတဲ့ တက်ရောက်သူ ပရိသတ်လူအုပ်ကြီးနဲ့
    စည်ကားနေတာပေါ့ . . ထူးဆန်းနေတာက ပရိသတ်အားလု့း က ယောကျာ်းသားတွေချည်း
    ဖြစ်နေတာပါပဲ. . . ဒီတော့ တရားဟော ဓမ္မဆရာ ဘုန်းတော်ကြီးက ယာသမားကြီးကို
    တအံ့တသြနဲ့ မေးရပါတော့တယ်."ခု . . . ကွယ်လွန်သွားတဲ့ အဘွားကြီးက အတော်ကို
    ထင်ရှား ကျော်ကြားလို့ပဲဖြစ်ရမယ်. . ကြည့်စမ်း လူတွေ သူတို့ အလုပ်ကို
    ပစ်ထားခဲ့ပြီး ဒီဈာပနပွဲကို လာကြတယ်လေ. . . . ဟုတ်တယ်မို့လား . . .
    .""ဒီလူတွေ ဈာပနပွဲကို လာကြတာမဟုတ်ဘူး . . .ဖာသာကြီးရဲ့ . .
    ကျွန်တော့ရဲ့မြင်းကြီးကို ၀ယ်ချင်လို့လာကြ တာပါတဲ့. . . . "
    *
    ပညာရှင်ကြေး*
    *တရားသူကြီး*"*သူများ အိတ်ကပ်ထဲက နာရီကို သူမသိအောင် ဘယ်လိုနှိုက်ယူလိုက်တာလဲ
    မောင်မင်း ကျုပ်သိချင်တယ် . . . ?**"တရားခံ"**နည်း ၁၀ နည်းစလုံး
    အကုန်သင်ပေးရမှာလား ခင်ဗျ. .. ဒါဆို ကျွန်တော့်သင်တန်းကြေးက ငါးဒေါ်လာယူပါတယ်
    တရားသူကြီးမင်း . . . ."*
    *အသက်ဝင်သလားမမေးနဲ့*
    ဆရာမက သူ့ကျောင်းသားလေးတေါကို ဆော်လ်မွန်ငါးဖမ်းလုပ်ငန်းနဲ့
    စည်သွပ်လုပ်ငန်းအကြောင်း သင်ခန်းစာ တစ်ခု သင်ကြားပို့ချလိုက်ပါတယ်. .
    သင်ခန်းစာ ပြီးဆုံးသွားတဲ့အခါမှာ ကိုယ့်စာအုပ်ထဲမှာ ကိုယ် ဆော်မွန် ငါးပုံလေး
    တစ်ပုံစီ ရေးဆွဲလာကြာဖို့ ကျောင်းသားလေးတွေကို ဆရာမက အိမ်စာအဖြစ်နဲ့
    ခိုင်းလိုက်တာပေါ့. .
    နောက်တစ်နေ့ မနက်ကျတော့ ကျောင်းသားလေးတွေအားလုံးလိုလို သူတို့
    စာအုပ်လေးတွေထဲမှာ ဆော်လမွန်ငါးရုပ်ကလေးတွေ ရေးဆွဲလာပြီး ဆရာမဆီ လာပြကြပါတယ်..
    . .
    ဒါပေမယ့် ကျောင်းသားလေး တစ်ယောက် က သူ့စာအုပ်ထဲမှာ စာမျက်နှာဗလာ ဖြစ်ပြီး ဘာမှ
    ရေးဆွဲမထားပါဘူး . . . ဆရာမက အဲဒီကျောင်းသားလေးကို ဘာကြောင့်လဲ မေးလိုက်ပါတယ်.
    . .
    "ကဲပြောစမ်း. . . မင်းက ဘာကြောင့် လဲဆိုတာ.. . "
    "ဒီလိုပါ ဆရာမ . . ကျွန်တော် တကယ့် ဆော်လ်မွန်ငါး အစစ်ထင်ရလောက်အောင် တူတဲ့
    ငါးရုပ်တစ်ရုပ်ဆွဲထားပါတယ်. . . ခင်ဗျာ . . ဒါပေမယ့် ဒီနေ့မနက်. . ကျွန်တော့
    စာအုပ်ပြန်ဖွင့်ကြည့်တော့ အဲဒီငါး မရှိတော့ပါဘူး . . . .
    ကြောင်ခုတ်သွားလို့ပါ. . . ."
    *
    Posted by poemflower*
Source : မုရန် မဂ္ဂဇင်း
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...