
ယောရှု ၁း၈ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကိုမဘတ်မရွတ်ဘဲမနေ၊ နေ့ညဥ့်မပြတ်ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။
ကျွန်ုပ် ကျမ်းစာနက်နဲစွာလေ့လာခြင်း၊ ကောင်းပေ့ဆိုသည့်ဒေသနာတရားနားထောင်ခြင်းများ လုပ်ဆောင်စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်မှ သမ္မာတရားကို အံ့သြမိသည်။ သို့နှင့် လွန်ခဲ့သော၃၅နှစ်က ပထမဆုံးစာအုပ် ရစ်ဝါရင်၏ကျမ်းစာလေ့လာခြင်း ကို ကျွန်ုပ်ရေးသားခဲ့သည်။ နည်းလမ်း ၁၂ခုရှိပါသည်။ ဥပမာ .. အခန်းအလိုက်လေ့လာခြင်း၊ ခေါင်းစဉ်အလိုက်လေ့လာခြင်း၊ ကျမ်းပိုဒ်အလိုက်လေ့လာခြင်း..စသည်တို့ဖြစ်သည်။
ကွန်ုပ်နှစ်ခြိုက်သော ကျမ်းစာလေ့လာနည်းတခုမှာ ဘုရားဝတ်ပြုလျှက်(ကျေညတ်အောင်စမြုံပြန်) ကျမ်းစာလေ့လာခြင်း Devotional Bible Study ဖြစ်သည်။ ထိုနည်းသည် အရှေ့တိုင်းလူမျိုးများတရားကျင့်ထိုင်ခြင်း Meditation နှင့်ခပ်ဆင်ဆင်ဖြစ်မည်။ "တရားထိုင်ခြင်း" ဆိုသည့်စကားလုံးသည် ခရစ်ယန်များအဖို့ မကောင်းသောစကားလုံးဖြစ်မည်။ တရားထိုင်ခြင်း ဆိုလျှင် ငြိမ်သက်စွာ ခြေတင်ပြင်ခွေထိုင်ပြီး မျက်စိမှိတ်၊နှုတ်မှဖြစ်စေ၊စိတ်မှဖြစ်စေရွတ်ဖတ်ဆင်ခြင်နေသူကို မြင်ယောင်မိပေလိမ့်မည်။
ထိုသို့ ဆင်ချင်ရွတ်ဖတ်နည်းမှာ အရှေ့တိုင်းသားများ (သိုမဟုတ်) ဗုဒ္ဓဘာသာဝင်များ တရားထိုင်ခြင်းပင်ဖြစ်သည်။ ခရစ်ယာန်တို့၏ ဆင်ချင်ရွတ်ဖတ်နည်းမှာ ထိုကဲ့သို့ မဟုတ်ပါ။ အင်္ဂလိပ်လို Meditation ဟုပင်ခေါ်ပါစို့။ ထိုစလုံးကို NIV အင်္ဂလိပ်ကျမ်းစာတွင် ၂၉ကြိမ် အသုံးပြုထားပါသည်။ ဘုရားဝတ်ပြုလျှက်(ဆင်ခြင်စမြုံပြန်လျှက်)ကျမ်းစာလေ့လာခြင်း Meditation ကို ဘုရားအလိုတော်ရှိသည်။
ယေရှု ၁း၈ ကျမ်းပိုဒ်တွင် ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကိုမဘတ်မရွတ်ဘဲမနေ၊ နေ့ညဥ့်မပြတ်ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည် ဟု ဆိုသည်။ ဘုရားဂတိတော်ရှိပါသည်။
ထို့ကြောင့် သင့်အကြံထမြောက်အောင်မြင်လိုပါက နှုတ်ကပတ်တော် (ကျမ်းစာ)ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့၊ စမြုံပြန် ဖတ်ရှုရပေမည်။
မည်ကဲ့သို့ နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့ရမည်နည်း၊ အင်္ဂလိပ်စာလုံးတွင် "meditation" အဓိပ္ပါယ်ကို "rumination" ဟု ဖွင့်ထားသည်။ ထိုစကားလုံးမှာ မြန်မာလို ကြေညက်အောင်ဝါစားစမြုံပြန်ခြင်း ဟု ဘာသာပြန်ပါမည်။ နွားများ စားပြီးသောမြက်များကို ဗိုက်ထဲမှပြန်ထုတ်ပြီး ငြိမ်သက်စွာထိုင်ကာ တမြုံမြုံနှင့် စမြုံပြန်နေခြင်းကို မြင်ဖူးမည်ဖြစ်သည်။
ဘုရားဝတ်ပြုလျှက်(ဆင်ခြင်စမြုံပြန်လျှက်)ကျမ်းစာလေ့လာခြင်း Devotional Bible Study သည် နွားကဲ့သို့ စမြုံပြန်ခြင်းနည်းလမ်းဖြစ်သည်။ နွား၏ပါးစပ်သည် သူ၏အစာများကို တံထွေးအရည်များနှင့်ရောနှောပေးရင်း အစာကိုကြေညှတ်အောင်ဝါနေခြင်းဖြစ်သည်။ ကြေညှတ်အောင်ဝါးပေးမှ စားပြီးသောမြက်များသည် အဟာရ၊ဗီတာမင်များထွက်လာပြီး လူများအတွက် အကောင်းစားနွားနို့၊ဒိန်ခဲ၊အမဲသားများကို ဖြစ်စေသည်မဟုတ်ပါလား။ စားပြီးသောမြက်တပင်မကျန်အောင် ကြေညှတ်စေသည့် စမြံပြန်နည်းပင်ဖြစ်သည်။
ကျမ်းစာကပြောသော နှုတ်ကပတ်တော်စမြံပြန်နည်းဖြင့် ကျမ်းပိုဒ်များကို ကျေညှတ်စွာသဘောပေါက်စေသည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော် စာလုံးတလုံးစီ၏ အဓိပ္ပါယ်ကိုသိရှိပြီး လိုက်လျှောက်သော အသက်တာဖြစ်စေသည်။
စမြံပြန်ကျမ်းစာလေ့လာနည်းအကြောင်းပြောရလျှင်
- သင့်မှာ ထိုသို့လုပ်ဆောင်ရန်နေရာရှိပြီလား၊ ဘယ်လို စမြုံပြန်ကျမ်းစာလေ့လာရမည်နည်း
- အောင်မြင်၊ကြွယ်ဝသောဘ၀အသက်တာဆိုသည်မှာ သင့်အဆွက်ဘာကိုဆိုလိုပါသလဲ? ဘုရားဆိုလိုသော အောင်မြင်၊ကြွယ်ဝခြင်းဆိုတာ ဘာလဲ?
ရစ်ဝါရင်၏ Daily Hope - Devotion ကို မြန်မာဘာသာသို့ပြန်ဆိုသည်။ မောင်သာမန်

No comments:
Post a Comment