သူတို့
အဖေယာကုပ်ကိုတော့ ယောသပ်ကို သားရဲတိရိစ္ဆာန်ကိုက်လို့ သေပြီဆိုပြီး
ညာကြတယ်တဲ့။ ကုန်သည်တွေလဲ ယောသပ်ကို အီဂျစ်ပြည်က ဖာရောဘုရင်ရဲ့ အမတ်ဖြစ်တဲ့
ကိုယ်ရံတော်မှူးဆီမှာ ရောင်းလိုက်ကြတယ်တဲ့။ တစ်ရက်တော့ ယောသပ်မှာ
ဘာအပြစ်မှ မရှိဘဲနဲ့ ထောင်ချလိုက်ကြတယ်။ အဲဒီထောင်ထဲမှာ ထောင်သားတွေရဲ့
အိပ်မက်အနက်အဓိပ္ပါယ်ကို ပြောပြတတ်တာကြောင့် လူချစ်လူခင် များလာတယ်တဲ့။တစ်ရက်မှာ အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့ ဖာရောဘုရင်က အိပ်မက်မက်တယ်တဲ့။ ဆူဖြိုးတဲ့ နွား ခုနှစ်ကောင်ကို ပိန်လှီတဲ့ နွားခုနှစ်ကောင်က စားပစ်တယ်တဲ့။ တစ်ခါ ပြည့်ဖြိုးတဲ့ ကောက်လှိုင်းစည်း ခုနှစ်စည်းကို ပိန်လှီတဲ့ ကောက်လှိုင်း ခုနှစ်စည်းက ၀ါးမြိုလိုက်တယ်တဲ့။
ဘုရင်ကြီးက အိပ်မရတော့တာကြောင့် အိပ်မက်အကြောင်းစဉ်းစားနေတယ်တဲ့။ ဘာအဓိပ္ပါယ်လဲပေါ့။ တစ်ဆင့်စကား တစ်ဆင့်နား ကြားပြီး အိပ်မက်အဓိပ္ပါယ်ဖတ်တတ်တဲ့ ထောင်ထဲက ယောသပ်အကြောင်းကြားတော့ နန်းတော်ကို ဆင့်ခေါ်လိုက်တာပေါ့။

ယောသပ်လေးက နားထောင်ပြီးနောက် ခုနှစ်နှစ် မိုးခေါင်ရေရှားပြီး အစာခေါင်းပါးမယ့် အကြောင်း ပြောပြလိုက်တယ်။ ဘုရင်ကြီးလဲ ကျေနပ်သွားပြီး ယောသပ်ကို အီဂျစ်ပြည်ကို အုပ်ချုပ်ဖို့ ခန့်ထားလိုက်တယ်ကွဲ့။ ယောသပ်က ဆန်ရေစပါးကို ဖူလုံအောင် သိုလှောင်ထားလိုက်တယ်။ တိုတိုပြောရရင် သူ့ရဲ့အဖေနဲ့ အစ်ကိုတွေကို အီဂျစ်ပြည်မှာ ခေါ်ထားလိုက်တယ်တဲ့ကွယ်။
ကလေးတို့ရေ။
။ ဒါကြောင့် ဘုရားသခင်က ကလေးတို့ရဲ့ အသက်တာကိုလဲ ပြင်ဆင်ထားပြီးသားကွဲ့။
အခက်အခဲတွေ ၀မ်းနည်းစရာတွေ ကြုံလာတဲ့အခါ ယောသပ်လေးလို နှိမ့်ချတဲ့စိတ်နဲ့
ဘုရားစကားကို နားထောင်ရင် နောက်ဆုံးမှာ ယောသပ်လိုပဲ အများအတွက်
ကောင်းကျိုးဖြစ်စေမယ့် ပညာဥာဏ်နဲ့ ဦးဆောင်ဦးရွက်ပြုနိုင်သောသူတွေ
ဖြစ်လာကြပါစေလို့Ref : Judson Baptist Church Singapore

No comments:
Post a Comment